Friday, January 10, 2014

Face Switch v2.0 For Android

 Related Posts Plugin for WordPress, Blogger...

Face Switch v2.0 For Android (ဓါတ်ပုံတွေကို မျက်နှင်ပြောင်း နိုင်တဲ့ ဆော့ဝဲလ်လေး ဖြစ်ပါတယ်။)


ဒီနေ့ သူငယ်ချင်းများကို ဆော့ဝဲလ် တခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရိုက်ထားတဲ့ ပုံတွေ ရဲ့ မျက်နှာ ကို ပြောင်းလို့ ရတဲ့ ဆော့ဝဲလ်လေး ပါ။ တော်တော်လေး လန်းတယ်ဗျ။ သူငယ်ချင်းတွေ ပုံကို လှန်းနောက် လို့ ရတယ်။ ကောင်လေးမျက်နှာ ကို ကောင်မလေးမျက်နှာဖြစ်အောင် လိုသလိုပြောင်းလို့ ရပါတယ်။ အရမ်းကို လန်းပါတယ်။ ပြထားတဲ့ Screenshots ကိုကြည့်ရုံနဲ့ သိနိုင်မှာပါ။
သူငယ်ချင်းတွေ ပုံကိုလှန်းနောက်လို့ရတာပေါ့။ ဒါနဲ့ အနော့ပုံကိုတော့ လုပ်လိုက်ပါနဲ့နော် :P ။ သုံးရတာ လွယ်သောကြောင့် နည်းမရေးတော့ဘူးနော်။ နောက်ဆုံး ထွက် Version ဖြစ်တဲ့ v2.0 ကိုတင်ပေးလိုက် တာပါ။ Andriod Version 2.2 အထက်တွေမှာ အသုံးပြုနိုင်ပါတယ်။ သူငယ်ချင်းတွေကို ဘရုပ် ကျချင်တဲ့ သူတွေ ဒီအောက်ကလင့်မှာ ဆော့ဝဲလ် လေးကို စိတ်ကြိုက် ဒေါင်းနိုင်ပါပြီ။
App Screenshots
Face Switch - screenshot thumbnailFace Switch - screenshot thumbnailFace Switch - screenshot thumbnailFace Switch - screenshot thumbnailFace Switch - screenshot thumbnail

 


Download Face Switch

Cache Memory ဆိုသည်မှာ

 http://aungkyaw.com/wp-content/uploads/2014/01/cache-memory.gif
                    Cache memory ဆိုသည်မှာ မကြာခဏ အသုံးပြုလေ့ရှိသည့် program code သို့မဟုတ် data များကို ယာယီ ထိန်းသိမ်းပေးထားနိုင်သည့်နေရာ ဖြစ်သည်။ ပရိုဆက်ဆာမှ တစ်ခုခုကို ရယူသုံးစွဲမည်ဆိုပါက အလျင်မြန်ဆုံး တုန့်ပြန်မှုပေးနိုင်ရန်အတွက် ယာယီ ထိန်းသိမ်းပေးထားခြင်း ဖြစ်သည်။ Cache memory သည်ပုံမှန်အသုံးပြုနေကြ သည့် RAM ထက်ပို၍ မြန်ဆန်သည်။ ဈေးလည်းပို၍ကြီးသည်။ System သည် RAM ထဲတွင် data များကို သွားရောက်သိမ်းဆည်းသလို သူအသုံးပြုလိုသည့် data များကို အမြန်ဆုံးရယူနိုင်ရန်အတွက် cache memory ၏ အထောက်အကူကိုလည်း များစွာ ယူရသည်။ ယနေ့ခေတ် ထွက်ပေါ်နေသော ပရိုဆက်ဆာများတွင် cache memory ကို ပူးတွဲထည့်သွင်းပေးထားတတ်သည်။ Level 1 cache ဟူ၍ လူသိများသည်။ ပရိုဆက်ဆာအတွင်း ပူးတွဲထည့်သွင်းရသည့် cache memory ကို Integrated cache ဟူ၍လည်းခေါ်သည်။ ပရိုဆက်ဆာအတွင်း မပါဝင်ဘဲ မားသားဘုတ်တစ်နေရာတွင် ထည့်သွင်းပေးထား ရသည့် nonintegrated cache လည်းရှိသည်။ ၎င်းကို External cache ဟုခေါ်သည်။ Cache ကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားနိုင်သည်။ • L1 (level-1) cache (ပရိုဆက်ဆာအတွင်း ပူးတွဲထည့်သွင်းထားသည်။) • L2 (level-2) cache (ပရိုဆက်ဆာပြင်ပ မားသားဘုတ်ပေါ်တွင်ရှိသည်။) မားသားဘုတ်အဟောင်းများတွင် cache memory ကို DPI (dual inline package) လိုင်းအလိုက် ချစ်ပ်များအဖြစ် တန်းစီထည့်သွင်းပေးထားသည်။ ထိုချစ်ပ်များ တန်းစီးထားသည့်လိုင်းနေရာကိုပင် “cache” ဟူ၍ သတ်မှတ်လိုက် ကြသည်။ အချို့သော System board များတွင် cache memory ကို module ကတ်များအနေဖြင့် ထည့်သွင်းပေးကြရသည်။ သို့ဖြစ်ရာ အချို့သော မားသားဘုတ်များပေါ်တွင် SIMM slot များကဲ့သို့ လိုင်းအလွတ်များ ပါလာတတ်သည်ကို သတိပြုရမည်။ သို့သော်ထိုလိုင်းတွင် RAM ကတ်ကို ထည့်သွင်း၍မရနိုင်ပေ။ L2 cache သည်မားသားဘုတ်အပေါ်တွင် သီးခြားစိုက်ရပြီး ပရိုဆက်ဆာအနီးတွင် ရှိသည်။ ပရိုဆက်ဆာမှ အတိုတောင်းဆုံး data များကို ရယူနိုင်ရန်အပြင် အကောင်းဆုံး Performance ကိုပါ တိုးမြင့်စေလိုသဖြင့် အနီးဆုံး ထားပေးရခြင်းဖြစ်သည်။
Software ဒေါင်းရန် ဒီနေရာကို နှိပ်ပါ။

Phone model တော်တော်များများအတွက် Mobile USB Drivers Tool လေးပါ

 Phone Model တော်တော်များများအတွက် Mobile USB Drivers Tool


 Software သုံးနိုင်ရန် ဒီနေရာတွင် ဒေါင်းနိုင်ပါသည်

Viber for windows

Viber for windows
Windows တွေအတွက် viber software exe file လေးပါ
Download လုပ်ရန် ဒီနေရာကိုနှိပ်ပေးပါ

Adobe Product နှင့် မကင်နိုင်တဲ့သူများအတွက် ရှိကိုရှိထားရမယ့် Crack နှင့် Patch စုစည်းမှု့


Adobe Product နှင့် မကင်နိုင်တဲ့သူများအတွက် ရှိကိုရှိထားရမယ့် Crack နှင့် Patch စုစည်းမှု့

Adobe Product တွေနဲ့ မကင်းနိုင်တဲ့သူတွေ အားလုံး ခု တင်ပေးလိုက်တဲ့ crack နဲ့ Patch ဖိုင်တွေကို ရှိကို ရှိထားသင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ဥပမာ adobe Program တွေ ဖြစ်တဲ့ Adobe Indesign, Adobe Firework, Adobe Illustrator, Adobe Dreamweaver စတဲ့ များပြားလှတဲ့ Adobe Product 27 မျိုးရဲ့ crack နဲ့ patch ဖိုင်တွေကို စုစည်းပြီး တင်ပေးလိုက်ပါတယ်။ crack ကတော့ သုံးတတ်မယ်လို့ ကျနော်ထင်ပါတယ်။ သင်ခန်းစာတွေမှာ အသေးစိတ်ရှင်းပြပေးထားပြီးသားပါ။ ခု crack ဖိုင်ရှိထားရင် အားလုံးအဆင်ပြေသွားပါပြီ။ Serial number ခဏခဏ မတောင်းတော့ပါဘူး။ Host ထဲမှာတော့ Adobe ရဲ့ register URL link တွေကို သွားထည့်ပေးထားရင် ပိုကောင်းတာပေါ့။ ဒါဆိုရင် ဘာဆိုဘာပြသနာမှ မရှိနိုင်တော့ပါဘူး။ အဆင်မပြေတာရှိရင် ကွန်မန့်ရေးပေးထားခဲ့နိုင်ပါတယ်။ အောက်မှာ Download လုပ်ယူလိုက်ပါ။  Crack နဲ့ patch ဖိုင်တွေကို တော်ယုံနဲ့ ရှာလို့မတွေ့နိုင်ပါဘူး။ ဘာလို့လဲဆိုရင် သီးသန့်တင်ပေးတာ နည်းကြပါတယ်။ တော်တော်များများက program နဲ့ ရောပြီးတင်ပေးကြတာများလို့ပါ။ ကို့မှာ ရှိထားတော့ နောက်တစ်ခါ မရှာရတော့ဘူးပေါ့။ 

Thursday, September 12, 2013

G510ကို Root မ ဖောက်ဘဲမြန်မာစာပေါ်အောင် လုပ်နည်း

G510ကို Root မ ဖောက်ဘဲမြန်မာစာပေါ်အောင် လုပ်နည်း


G510 Root မလုပ်ဘဲ မြန်မာစာပေါ်အောင်လုပ်နည်း APR 7 G510 Root မလုပ်ဘဲမြန်မာဖောင့်ထည့်ရအောင် 
Huawei 4.1.1 No Need Code.. No Need Root …. No Need dload file …. No Need CWM … One Minute Myanmar Font Huawei Version 4.1.1 U8951(G510) , U8833(Y300) ဖုန်းတွေကို Root လုပ်စရာမလို … dload file မလို .. CWM မလို … Code မလုပ်ဘဲနဲ့ .. မြန်မာဖေါင့်အလွယ်ဆုံးထည့်မယ်
 လိုအပ်တာကတော့ ဒါလေးဘဲဒေါင်းလိုက်ပါ  download link
 ဒေါင်းပြီးသွားပြီဆိုရင် ကျွန်တော် အပေါ်မှာ ပြောတဲ့ ဖုန်းမော်ဒယ်လ်တွေထဲက ကြိုက်တဲ့ ဖုန်းတစ်လုံး Power ဖွင့်ပြီးတော့ ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ ပြီးရင် Phone Internal Storage ထဲက HWThemes>> Diy Theme>> ကို ဒေါင်းထားတဲ့ TeeKg.hwt ဆိုတဲ့ဖိုင်လေးထည့်လိုက်ပါ . 
ဖုန်းချိတ်ဆက်ထားမူ့ ကို ဖြုတ်လိုက်ပါ ..ပြီးရင် Application ထဲက Theme ထဲမှာကြည့်လိုက်ပါ … Elegance ဆိုတဲ့ Theme ကိုတွေ့ ပါလိမ့်မယ် … အဲဒီကောင်လေးကိုရွေးလိုက်ပါ … အဲဒီမှာ Apply Theme ဆိုပြီးတော့ သူကမေးပါလိမ့်မယ် .. Theme with font ဆိုတာကိုရွေးပေးလိုက်ပါ … ဖုန်းက သူ့ ဘာသာ ရီစတက်ကျသွားပြီ ပြန်တက်လာလိမ့်မယ် .. ပြီးနောက် မြန်မာကီးဘုတ်ထည့်ပြီးရိုက်လို့ ရပါပြီ… တခြား Theme များကို သုံးချင်ပါက သုံးနိုင်ပါတယ် … ဒါပေမဲ့ တခြား Theme ကိုသုံးရင်တော့ Theme without font ကိုရွေးပေးပါ … အားလုံး အဆင်ပြေကြပါစေ …