များသောအားဖြင့် windows မှာ ZawGyi သုံးမရတဲ့ပြဿနာက သုံးမျိုးရှိတယ်ဗျ။
က။ ။ပထမ Error တစ်ခုက မြန်မာစာ ဖတ်လို့ရတယ်...ဒါပေမယ့်ရေးလို့မရဘူး။
အဲဒါဘာကြောင့်လဲဆိုတော့
၁။ System Optimizer software တွေမှာပါတဲ့ startup manager တစ်ခုခုက
ZawGyi Keyboard program ဖြစ်တဲ့ ctfmon.exe ကိုပိတ်ထားလိုက်တာမျိုးကတကြောင်း...
၂။ အကြောင်းတစ်ခုခုကြောင့် Keyboard Setting ပြောင်းသွားတာမျိုး
၃။ ဒါမှမဟုတ် ကိုယ် Install လုပ်လိုက်တဲ့ Zawgyi Keyboard နဲ့ မိမိ windows ကိုက်ညီမှုမရှိတာတကြောင်း..
စတာတွေကြောင့်အထက်ပါ error ဖြစ်တတ်ပါတယ်။
အဲဒီ error မျိုးဆိုရင် ဒီလိုမျိုးဖြေရှင်းကြည့်ပါ...
ZawGyi Keyboard Program ပိတ်နေတာမျိုးဆိုရင် Windows ညာဘက်အောက်ထောင့်နားက
system tray နားမှာ keyboard ပုံစံလေးပေါ်နေမှာမဟုတ်ပါ။
အဲဒါကိုဖြေရှင်းဖို့ windows logo + R ကိုနှိပ် run box ကိုခေါ်ပါ။
ctfmon.exe လို့ရေး Ok ပေးလိုက်ရင် Keyboard ပုံလေးပေါ်လာပြီး စာရေးလို့ရသွားပါလိမ့်မယ်။
Keyboard ပုံလေးတော့ရှိပါရဲ့ ဒါပေမယ့် သုံးလို့မရဘူးဆိုရင် Keyboard Setting ပြောင်းသွားလို့ပါ။
(ဒါကတော့အဖြစ်နည်းပါတယ်)
ဖြေရှင်းနည်းကတော့
ControlPanel >> Clock Language and Regin >> change keyboards or other input method
မှာ Change keyboards ကိုနှိပ်ပါ။ အောက်ကပုံစံပေါ်လာလိမ့်မယ်...
error မရှိတဲ့ စက်မှာဆိုရင် installed services မှာပုံထဲကအတိုင်းပေါ်နေမှာပါ။
Installed services မှာအခြား keyboard ပေါ်နေမယ်ဆိုရင်တော့ အဲဒီ keyboard ကို click ပြီး Remove လုပ်ပါ
ပြီးရင် add ကိုနှိပ် အောက်ကပုံကအတိုင်း add input language ဆိုတာပေါ်လာလိမ့်မယ်။
အဲဒီမှာ English (United Stated) ကိုရှာ (+) sign ကိုဖြေလိုက်ပြီး keyboard နေရာမှာ Alpha Zawgyi Keyboard
တစ်ခုတည်းသာရွေးပေးလိုက်ပါ။
Install လုပ်လိုက်တဲ့ Zawgyi Keyboard နဲ့ မိမိ windows ကိုက်ညီမှုမရှိလို့ဖြစ်တာကိုတော့အောက်က(ဂ။။) ရဲ့
နည်းအတိုင်းဖြေရှင်းလိုက်ပါ။
ခ။ ။ဒုတိယ Error တစ်ခုက Notepad တို့ Office တို့မှာ Zawgyi font ရွေးထားပြီး မြန်မာစာရေးလို့ရတယ်၊ ဖတ်လို့
လည်းရတယ်... ဒါပေမယ့် Folder တွေ Icon တွေမှာ ရေးလို့ဖတ်လို့မရဘူး။
ဒီလို error မျိုးက Windows Theme Style တမျိုးမျိုး Change လိုက်မိတဲ့အခါ Fonts တွေ ပြောင်းသွားပြီး မြန်မာလို
မသိတောတာမျိုးပါ။
အဲဒါအတွက် Dasktop ပေါ်မှာ RightClick ထောက် Personalize >> window color >> advanced appearance setting...
အောက်ကပုံမှာ အနီရောင်နဲ့ပြထားသမျှအားလုံး Zawgyi ပြောင်းပေးလိုက်ရင် ပြေလည်သွားမှာပါ။
ဂ။ ။နောက်ဆုံးအချက်ကတော့ Zawgyi Font နဲ့ မြန်မာစာကိုဘယ်နေရာမှာမှ ရေးလို့ဖတ်လို့မရတာပါပဲ။
ဒါကတော့ရှင်းပါတယ်၊ အဲဒီစက်မှာ Zawgyi Font မသွင်းထားတာ ဒါမှမဟုတ် သွင်းထားတဲ့ Program ကစက်နဲ့ကိုက်ညီမှုမရှိတာ
ပေါ့။(ဥပမာ။။ x32 bit version ကို x64 bit မှာ Install လုပ်မိတာမျိုး)
အဲဒီအတွက် x32 bit နဲ့ x64 bit version နှစ်ခုစလုံးကို အောက်က link တွေမှာ တင်ပေးထားပါတယ်။
ကိုယ်စက်နဲ့ကိုက်ညီ တဲ့ version ကို Download ဆွဲပြီး Install လုပ်လိုက်ကြပါ။
Alpha Zawgyi x32bitဒေါင်းရန်။
Alpha Zawgyi x64bitဒေါင်းရန်။
ဪ တစ်ခုတော့မှာချင်တယ်ဗျာ... အခုဆိုရင် မြန်မာစာစနစ်အတွက် "Unicode " က stable ဖြစ်လာပြီး နောက်ဆိုရင်
"Unicode" ကိုပဲ စံထားအသုံးပြုသွားမှာဖြစ်တာကြောင့် "Unicode" ကိုလည်းယခုကတည်းက ပူးတွဲ လေ့ကျင့်ကြ
စေချင်ပါတယ်။
Zawgyi တို့ Win-Innwa တို့နဲ့အသားကျလာခဲ့တာကြောင့် Myanmar Unicode ကိုချက်ချင်းပြောင်းလဲဖို့ဆိုတာ
အခက်အခဲအနည်းနဲ့ အများတော့ရှိကြမှာပါ။
ဒါပေမယ့်လည်း Zawgyi သုံးနေရင်း MyanmarUnicode ကိုလည်း အတတ်နိုင်ဆုံး ပူးတွဲ အသုံးပြုကြပါ။
Unicode မသိသေး၊ မရှိသေးတဲ့သူငယ်ချင်း မိတ်ဆွေတွေကိုလည်း လက်ဆင့်ကမ်း ဖြန့်ဝေစေလိုပါတယ်။
ဒါမှလည်း တယောက်တမျိုး မရှိကြတော့ပဲ မြန်မာစာအသုံးပြုဖို့အတွက် စံထားရမယ့် စနစ်တစ်ခု တည်တည်ငြိမ်ငြိမ် ပေါ်ထွက်လာမှာပါ။
Unicode ကို လိုချင်ရင် ဒီဆိုက်ရဲ့ ပင်မစာမျက်နှာမှာ Download ရယူနိုင်ပါတယ်ဗျာ....
နည်းနည်းဖြစ်ဖြစ်လုပ်ကြည့် ပါ လို့ ထပ်ပြီးတိုက်တွန်း ပါရစေဗျာ....
အဆင်ပြေပါစေဗျာ..... .....
Tuesday, June 11, 2013
Alpha Zawgyi Unicode
ကျွန်တော့ရဲ့ Blog Page အပါအ၀င် အခြားသော မြန်မာ Blog များသို့ ၀င်ရောက်
ဖတ်ရှုရာတွင် မြန်မာ Font များ မပေါ်ခြင်း၊ ပေါ်သော်လည်း အကြောင်း
အမျိုးမျိုးကြောင့် မြန်မာစာလုံးများ လွယ်ကူစွာ မပေါ်ခြင်း အစရှိသည့်
အဆင်မပြေမှုများ အတွက် အောက်တွင် ဖော်ပြထားသော Alpha Zawgyi Unicode System
ကို Download ဆွဲယူ၍ Install ပြုလုပ် သုံးစွဲနိုင်ပါတယ်။ Alpha Zawgyi ကို Install ပြုလုပ်ပြီးသော်လည်း မိမိ Browser တွင် မြန်မာ Font မပေါ်သေးပါက အောက်ဖော်ပြအတိုင်း Browser Setting ကို ချိန်ညှိပေးရပါလိမ့်မယ်။
For Mozilla Firefox & Flock Browsers
- Click Tools menu.
- Choose Options command.
- Choose Content tab.
- Change to Zawgyi One in the Default font.
- And then Click Advanced button.
- Change to Zawgyi-One in the Serif: , Sans-serif: and Monospace:
- And also change to Unicode ( UTF-8 ) in the Default Character Encoding:
- Finally click OK button.
Font ကို Download ဆွဲရန် >>>
Zawgyi Keyboard Installer for Windows 7 (64-bit)
Zawgyi Keyboard Installer for Windows 7 (64-bit)
Windows 7 (64-bit) အတွင်းတွင် Alpha Zawgyi Uni-code ကို ထည့်သွင်းအသုံးပြုသောအခါ စာရိုက် မရသည့် ပြဿနာများ ကြုံတွေ့ရတတ်ပါသည်။ ထိုကဲ့သို့ ကြုံတွေ့ခဲ့ရပါက Zawgyi Keyboard Layout လေးကို Download ပြုလုပ်၍ install တင်လိုက်ခြင်း အားဖြင့် အဆင်ပြေသွားနိုင်ပါသည်။ မိမိအသုံးပြုနေသည့် ကွန်ပျူတာရဲ့ Operation System ဟာ 32-bit လား၊ သို့မဟုတ် 64-bit လားဆိုတာကို စစ်ဆေးကြည့်ရှုနိုင်ရန် My Computer ရဲ့အပေါ်မှာ Right Click တစ်ချက်နှိပ်၍ Properties ကို ရွေးချယ်လိုက်ပါ။ ထိုအခါတွင် အထက်ပါ ပုံစံအတိုင်း System type တွင် 64-bit လား၊ 32-bit လား ဆိုသည်ကို ဖော်ပြပေးထားပါတယ်။ ထို့ကြောင့် 64-bit ဖြစ်နေသော သင့်စက်အတွက် Alpha Zawgyi ကို install ပြုလုပ်သောအခါတွင် conflict ဖြစ်နေရခြင်းပင် ဖြစ်သည်။
-အကယ်၍များ သင့်စက်တွင် Language Bar မပေါ်လာခဲ့ပါက Control Panel အတွင်းမှ Regional and Language ကို Open လုပ်ပါ။ ပေါ်လာသော Menu အတွင်းမှ Language Bar ကို Click နှိပ်၍ ရွေးချယ်ပေးပါ။ ဆက်လက်၍ Docked in the taskbar နှင့် Show text labels on the Language bar ကို အမှန်ခြစ်တပ်ရွေး ချယ်လိုက်ပါ။
-သင့်စက်ရဲ့ Language Bar အတွက် Key Sequence များကို ပြောင်းလဲလိုပါက Advanced Key Settings ကို ရွေးချယ်ရပါမည်။ ထို့နောက် Change Key Sequence ကို Click တစ်ချက်နှိပ်လိုက်ပါ။ ထို့နောက် Ctrl + Shift ကို ရွေးချယ်လိုက်နိုင်ပါသည်။ ဒါဆိုရင် Windows 7 (64-bit) အတွင်း မြန်မာစာနဲ့ အင်္ဂလိပ်စာကို Ctrl + Shift တွဲနှိပ်၍ အလှည့်ကျ ရိုက်လို့ရသွားပေမည်။ ပြီးပြီဆိုရင်တော့ Apply > OK နှိပ်၍ ပြန်ထွက်လိုက်ပါ။ အဆင်ပြေ ကြပါစေဗျား။
alphazawgyi for window
How to Download and Install Myanmar Zawgyi Font
Please follow the below instructions for downloading and installing myanmar zawgyi font in Windows 7.
Subscribe to:
Posts (Atom)